Padamyar FM
ဒီနေ့အတွက်စကား
- Author: Vários
- Narrator: Vários
- Publisher: Podcast
- Duration: 0:03:00
- More information
Informações:
Synopsis
Never let the things you want make you forget the things you have. ဒီနေ့အတွက်စကား ဒီစကားကတော့ ငါးစိမ်းမြင်လို့ငါးကင်ကိုပစ်တတ်တဲ့သူတွေအတွက် သတိပေးထားတဲ့စကားတစ်ခွန်းပါ။ အခုဆိုရင် အားလုံးသိတဲ့အတိုင်း ခေတ်ကြီးက တအားကိုမှ အရှန်အဟုန် ပြင်းပြင်းနဲ့ကို တိုးတက်လို့နေပါတယ်။ လူသားအားလုံး လည်း ခေတ်ရဲ့နောက်ကိုလိုက်ရင်း အချိန်တွေကို ကုန်မှန်းမသိကုန်နေကြပါတယ်။ ခေတ်ကာလမှာပေါ်ပေါက်လာတဲ့ နောက်ဆုံး ပေါ်ဇိမ်ခံပစ္စည်းတွေ နောက်ဆုံးပေါ်နည်းပညာတွေကို လူတော်တော်များများ သုံးနေကြသလို သုံးနိုင်အောင်လည်းကြိုးစား နေကြပါတယ်။ စားဝတ်နေရေးဝဲဂယက်တင်မကဘဲ နောက်ဆုံးပေါ် ဘရန်း ဟန်းဆက်တွေကိုင်နိုင်ဖို့၊ နောက်ဆုံးပေါ်ကားကို တဝီဝီမောင်းနိုင်ဖို့၊ နောက်ဆုံးပေါ် အသားအရည်ထိန်းသိမ်းနည်းတွေကို သုံးနိုင်ဖို့ တော်တော်များများက ကြိုးပမ်းနေကြပါတယ်။ ကြိုးစားတယ်ဆိုတာတကယ်တော့ကောင်းတဲ့အရာပါ။ တိုးတက်မှုရဲ့ လမ်းစပါ။ ဒါပေမယ့် ကိုယ့်လိုချင်တဲ့အရာတွေနောက်ကို အမှီလိုက်ရင်းနဲ့ ကိုယ့်ဘဝရဲ့ တကယ့်အနှစ်သာရရှိရှိပျော်ရွှင်မှုတွေ၊ လက်ဆက်နုပျိုမှုတွေအကုန်လုံးကို ဥပေက္ခာပြုထားသလို ဖြစ်သွားမယ်ဆိုရင်တော့ ဘယ်မှာလဲ ဘဝရဲ့ ပျော်ရွှင်မှု၊ ဘယ်မှာလဲ မေတ္တာတရားရဲ့အေးချမ်းမှု ဘာဆိုဘာမှ