Burmese Evening Broadcast
သပိတ်ကျင်းကို စစ်ကောင်စီ ပြန်သိမ်း၊ တော်လှန်ရေး အင်အားစုတွေ ရွှေတောတွေကိုကာကွယ်ရမလား မိုးကုတ်မကျအောင်ကူရမလား ရွေးရဖို့ ရှိ
- Author: Vários
- Narrator: Vários
- Publisher: Podcast
- Duration: 0:29:49
- More information
Informações:
Synopsis
ဇူလိုင်လ ၂၃ ရက်၊ ဗုဒ္ဓဟူး ညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ် - မန္တလေး MDY-PDF နဲ့ ပူးပေါင်းတပ်တွေ သပိတ်ကျင်းကို လက်လွှတ်လိုက်ရတယ် ဆိုတဲ့ မြေပြင် သတင်းထွက်လာချိန်၊ သပိတ်ကျင်းနယ် ဧရာဝတီ မြစ်ကြောင်းထဲ ဗန်းမော်ကို စစ်ကူပို့နေတဲ့ စစ်သင်္ဘောအုပ်စုကို တော်လှန်ရေး အုပ်စုတွေ ကြားဖြတ် မိုင်းခွဲ တိုက်ခိုက် - ပုဂံ ရှေးဟောင်း ယဥ်ကျေးမှု အမွေအနှစ်ဒေသ တဝိုက် ညောင်ဦးနယ်ထဲ စစ်ရှောင်တွေ သောင်းနဲ့ချီရှိလာ၊ စစ်ကောင်စီက ဘာကြောင့် အဲဒီ နယ်ထဲ စစ်ကြောင်းထိုး နေတာလဲ .. ဘီဘီစီ သတင်းလွှာ - မြန်မာစစ်တပ်၊ စစ်ကောင်စီတို့နဲ့ ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတွေ အပါအဝင် လေယာဉ်ဆီရရှိရေးကို ပိတ်ဆို့ဖို့ ရည်ရွယ်တဲ့ ဥပဒေကြမ်း ၃ ခုကို အမေရိကန် ကွန်ဂရက်စ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှု ကော်မတီ အတည်ပြု - ဂါဇာထဲ ငတ်မွတ် ခေါင်းပါးမှု အတိုင်းအတာ ပမာဏ အလွန်အမင်း ကြီးမားကျယ်ပြန့် လာနေပြီး၊ အရပ်သားတွေရော ထောက်ပံ့ ကူညီတာတွေ လုပ်နေကြတဲ့ ပရဟိတ အဖွဲ့သားတွေပါ ကိုယ်ခန္ဓာ ပိန်လှီ ချုံးကျလာတာက အစ ကျန်းမာရေး ချို့ယွင်းလာနေကြရတယ် ဆိုပြီး နိုင်ငံတကာ ပရဟိတ အဖွဲ့ ၁၀၀ ကျော်က သတိပေးချက် စုပေါင်း ထုတ်ပြန် - ရုရှား ကိုယ်စားလှယ် အဖွဲ့ဟာ ယူကရိန်းနဲ့ ညှိနှိုင်း ဆွေး