Burmese Evening Broadcast
NUG တော်လှန်ရေး အစိုးရ အသွင် ပီပြင်ဖို့ အတွင်းစည်းထဲက သူတွေကိုယ်တိုင် ဆော်ဩလာ
- Author: Vários
- Narrator: Vários
- Publisher: Podcast
- Duration: 0:30:08
- More information
Informações:
Synopsis
ဇူလိုင်လ ၈ ရက်၊ တနင်္လာ ညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ် - အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ သူ့လက်အောက်မှာရှိနေတဲ့ တိုက်ခိုက်ရေး အင်အားစုတွေကို စနစ်တကျ စုစည်းနိုင်ခြင်းမရှိသလို သယံဇာတစီမံခန့်ခွဲမှု၊ ရန်ပုံငွေစီးဆင်းမှုအပါအဝင် ပသုံးလုံးယန္တရားကို ထိန်းချုပ်နိုင်တာမျိုး အားနည်းနေတယ်လို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူ ဒေါက်တာတေဇာစန်းထောက်ပြ၊ NUG ကို ပြင်ဆင်ပြောင်းလဲဖို့နဲ့ စစ်ရေးအရ ခုထက် ပိုစုစည်းနိုင်ဖို့က လက်တွေ့ကျကျ လုပ်နိုင်သလား ဘီဘီစီမြန်မာပိုင်း အထူးသတင်းလွှာ - NUG ပြုပြင်ပြောင်းလဲမှုတွေ တကယ်တမ်း လုပ်ဆောင်နေကြလား၊ NUG ထက် အားကောင်းတဲ့ စုဖွဲ့မှု ပေါ်ပေါက်လာဖို့ လက်တွေ့ ဖြစ်နိုင်လား၊ NUG ယန္တရား ပ သုံးလုံးနဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုတွေရာ မြင်လာရနိုင်လား …. စတာတွေ အကြောင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH အဖွဲ့ဝင် ကိုစည်သူမောင်ရဲ့ ဖြေကြားချက် - မြန်မာနိုင်ငံကနေ အမေရိကန် ကို တင်ပို့မယ့် ကုန်စည်တွေ အားလုံးအတွက် အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာစစ်ခေါင်းဆောင်ထံ စာပေးပို့၊ သြဂုတ်လ တစ်ရက်နေ့မှာ ဒီအခွန်ကောက်ခံမှု စတင် အသက်ဝင်တော့မှာ ဖြစ်ပြီး အမေရိကန်ရဲ့ အခွန်တိုးမြှင့